Events

(၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ကျင်းပမည်

Updated At: 2023-07-21 12:57:04

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် (၂၀)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 20th China-ASEAN Expo) ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

(၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံအနေဖြင့် Hall B2 ၊ NICEC ၌ City of Charm ပြခန်းဆောင်နှင့် Hall 14 ၊ Zone D ၊ NICEC တွင် ကုန်စည်ပြခန်းဆောင်တို့ ကို ပါဝင်ပြသမည်ဖြစ်ပြီး ကုန်စည်ပြခန်း(၈၀)ခန်း ပါဝင်ပြသနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

 အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်  https://mitc.myantrade.gov.mm/member/trade-fair/new သို့ ၂၁-၇-၂၀၂၃ ရက်နေ့မှစတင်၍ ဝင်ရောက်စာရင်းပေးသွင်းနိုင်ပြီး ပါဝင်ပြသခွင့်ရရှိမည့် ကုမ္ပဏီအား စာရင်းပေးသွင်းမှု အစီအစဉ်အတိုင်း ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဖုန်း ၀၆၇-၄၀၈၆၂၂ နှင့် မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်) ၊ ဖုန်း ၀၁-၃၈၅၃၂၃ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။